Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျင်းပ
Jun 02,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာက မြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်း သဟပုညကာရီဓမ္မာရုံ၌ ဓမ္မကြေးမုံ (အဘိဓမ္မာသင်တန်း) ဆက်လက်ဖွင့်လှစ်သင်ကြား
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက် ကျိုက္ကစံဘုရားလမ်း သဟပုညကာရီဓမ္မာရုံ၌ ဓမ္မကြေးမုံမှ အဘိဓမ္မာသင်တန်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲတော်အား အ.ထ.က (ခွဲ) ပေကုန်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို မေ ၃၁ ရက်နေ့ နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နားမကြားသော ကလေးများကျောင်း (ရန်ကုန်) တွင် အကြားအာရုံ ချို့ယွင်းအားနည်းသည့် ကျောင်းသား/ သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိ
Jun 02,2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/ သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိအခြေခံပညာ ကျောင်းများအားလုံး ယမန်နေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မြိတ်မြို့ စိမ်းလန်းစိုပြေ သာယာလှပရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 02,2026
တနင်္သာတိုင်းဒေသကြီး မြိတ်မြို့ စိမ်းလန်းစိုပြေ သာယာလှပစေရေးအတွက် တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သစ်တောဦးစီးဌာနပျိုးဥယျာဉ်၌ မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လူထုအခြေပြု သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြု တတိယဆုရ ကျောင်းသူ မမြဖူးငုံနှင့် ဘွဲ့ရဆရာမများနှင့် ကျောင်းသား/ သူများအား ချီးကျူးဂုဏ်ပြုပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
Jun 02,2026
လူငယ်လူရွယ်များနှင့် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဝင်သမိုင်းကြောင်းများကို စနစ်တကျ လေ့လာမှတ်သားမိစေရန်နှင့် သာသနာတော်ကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ဝင်ရောက်ဖြေဆို၍ တိုင်းဒေသကြီးကိုယ်စားပြု တတိယဆုရရှိခဲ့သော ကျောင်းသူ မမြဖူးငုံနှင့် ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့ရ (၁၂) ဦးနှင့် ဗုဒ္ဓဝံသဒီပလိုမာဘွဲ့ရ ဆရာမ (၆) ဦးတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၃၁ ရက်နေ့ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၈) ရပ်ကွက်၊ အင်ကြင်းလမ်းရှိ ဓမ္မဇောတိကျောင်းတိုက်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ပေါ်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ပျော်ရွှင်စွာတက်ရောက်သင်ကြားနေမှုတို့အား တာဝန်ရှိသူများက ကြည့်ရှုအားပေး
Jun 02,2026
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ အ.ထ.က(၁)နှင့် အ.ထ.က(၂) ကျောင်းများသို့ ကျောင်းများစတင် ဖွင့်လှစ်နေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာသင်ကြားနေမှုများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
386
Page
387
Page
388
Page
389
Current page
390
Page
391
Page
392
Page
393
Page
394
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department