ကမမောင်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (Unique Identity) ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 02,2026
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖာပွန်မြို့နယ်ဦးစီးမှူး ရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID (Unique Identity) ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကမမောင်းမြို့ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။