သတင်းများ

 မိုင်းဖြတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်
Jun 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ဇွန်လ ၆ ရက်နံနက်ပိုင်းက နားမွန်းကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။ 
ကျွန်းလှမြို့နယ်၌ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာရောင်းချ
Jun 07,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ဇွန် ၆ ရက်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များ၌ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြင်းမူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Jun 07,2026
မြို့နယ်မီးသတ်ဦးစီးဌာနမှ မြင်းမူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ယမန်နေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ "နှောင်ကြိုးမဲ့" ပညာသင်ဆုချီးမြှင့်ရေးအဖွဲ့မှ ကျောင်းသုံးဗလာ စာအုပ်များ လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jun 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် "နှောင်ကြိုးမဲ့" ပညာသင်ဆုချီးမြှင့်ရေးအဖွဲ့ တည်ထောင်သူ ပေါက်ခေါင်းမြို့နယ် ဂုဏ်ထူးဆောင်နာယက ဇေယျကျော်ထင်စည်သူ ဦးမျိုးဇော်သိမ်းနှင့် မိသားစုတို့မှ ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပွဲအခမ်းအနား ယနေ့နံနက်ပိုင်းက အ.ထ.က (အိုးဘိုကုန်း) ကျောင်း၌ ကျင်းပပြုလုပ်သည်။
မော်လမြိုင်မြို့ယ်၌ မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jun 07,2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ဦး‌ဆောင်၍ မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေပိုင်းက မြိုင်သာယာရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြိုနယ်တွင် ၂၀၂၆ ခုနှစ် အစိုးရနိကာယ် စာမေးပွဲဖြေဆို
Jun 07,2026
သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၃၂) ကြိမ်မြောက် အစိုးရနိကာယ် စာမေးပွဲကို ဇွန် ၅ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ တောင်ဥက္ကလာပမြို့နယ် သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။
မြို့နယ်အဆင့်ကျန်းမာရေး အဆင့်မြင့်ကျောင်းပေါ် ထွန်းရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
Jun 07,2026
မကွေးတိုင်းဒေသကြီး၊‌ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီး ဌာနတို့ပူးပေါင်းကျင်းပသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေး အဆင့်မြင့် ကျောင်းပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊( ရတနာ) ခန်းမ၌ ကျင်းပသည်။
ကျောက်ဖြူမြို့တွင်၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်
Jun 07,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” (A Global Call for Climate Action) အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။