သတင်းများ

အဖျောက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းဆောင်ရွက်
Jun 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်၌ ပညာသင်ကြားခွင့်ရရှိရေး ကျောင်းသန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး
Jun 07,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့သွား ရောက်ကြည့်ရှုအားပေးသည်။
မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ မူလတန်းလွန်ကျောင်း(အဏ္ဏဝါ) ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်ဖွင့်လှစ်
Jun 07,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကျွဲကူးကျေးရွာ အဏ္ဏဝါရပ်ရှိ မူလတန်းလွန်ကျောင်းတွင် ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ် (မဉ္ဇူဆောင်) ဖွင့်ပွဲကို ဇွန်(၇)ရက် နံနက်ပိုင်းက အဆိုပါ ကျောင်း ဆောင်ရှေ့တွင် ကျင်းပသည်။
သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပ
Jun 07,2026
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့မှ စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်အား ယမန်နေ့ နံနံက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆောင်ရွက်သည်။
လယ်ဝေးမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သောရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်
Jun 07,2026
နေပြည်တော်ကောင်စီဝင်ဦးထွန်းထွန်းသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ဓမ္မာရုံ၌ နေပြည်‌တော်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်းကျင်းပသည့် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သောရောဂါများ ကြိုတင်ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်သည့် အခမ်းအနားသို့ တက်ရောက်သည်။
တာမွေမြို့နယ်၌ မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အမူအကျင့် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
Jun 07,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ရက်(၁၀၀) စီမံချက်ဖြင့် စီစဉ်ကျင်းပသော မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
 မိုင်းဖြတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်
Jun 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ဇွန်လ ၆ ရက်နံနက်ပိုင်းက နားမွန်းကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။ 
ကျွန်းလှမြို့နယ်၌ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာရောင်းချ
Jun 07,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ဇွန် ၆ ရက်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များ၌ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။