သတင်းများ

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိ
Jun 02,2026
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဇွန် ၁ ရက် နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံထားရှိသော ကျောင်းသားကျောင်းသူများက စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတွင် လိုအပ်ချက်ရှိသည့် လမ်းပိုင်းနေရာများတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်
Jun 02,2026
ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှအမှတ်(၂) ခရိုင်ချင်းဆက်လမ်းပိုင်းတွင် လိုအပ်ချက်ရှိသည့် လမ်းပိုင်းနေရာများတွင် ကတ္တာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော် ပျိုးထောင်ထားရှိ
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် (မိုးရာသီ) လူထုဖြန့်သစ်ပင်စိုက်ပျိုးရန် မန်ဂျန်ရှား၊ မာလာလူးကား၊ ခရေ၊ စိန်ပန်းကြီး၊ ပျဥ်းကတိုး၊ ငုရွှေဝါ စသည့် ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော် ပျိုးထောင်ထားရှိကြောင်းသိရသည်။
နတ်မောက်မြို့၌ အသက် (၆) လမှ (၁) နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေး
Jun 02,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အသက် ၆ လမှ ၁ နှစ်အထိ ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မြောင်းမြမြို့အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်သင်ကြား
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
ကော့မှူးမြို့နယ်ကျိုက်ထော် (မြောက်) ကျေးရွာ ညောင်ပင်ဆိပ်ကမ်း၌ ရေယာဉ်‌မောင်းနှင်သူများ အားသတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်ရေးအသိပညာပေး
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော် (မြောက်) ကျေးရွာတွင် ပြေးဆွဲလျက်ရှိသော စက်တပ်သမ္မန်‌မောင်းနှင်သူများနှင့် ခရီးသည်များအန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်မှုမရှိစေရေး အသိပညာပေးခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျိုက်ထော် (မြောက်) ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကျိုက်ထော် (မြောက်) ကျေးရွာ ညောင်ပင်ဆိပ်ကမ်း၌ ဆောင်ရွက်နေကြကြောင်း သိရသည်။
မြောက်ဥက္ကလာမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်းရှိ ကုက္ကိုင်ပင် မိုးကြိုးထိမှန်ရာ အပင်အနီးရှိ ဆရာမတစ်ဦးနှင့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ယမန်နေ့နေ့လယ် ၂ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း ခြံ၀င်းအတွင်းရှိ ကုက္ကိုင်ပင်အား မိုးကြိုးထိမှန်ခဲ့ရာမှ သစ်ပင်အနီးရှိ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်း အများပြည်သူသုံးအတွက် လျှပ်စစ်ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ အများပြည်သူများ လျှပ်စစ်ဓာတ်အားကို ယခင်ကထက် ပိုမိုတိုးချဲ့သုံးစွဲနိုင်ရန် လျှပ်စစ်ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်တည်ဆောက်လျက်ရှိကြောင်း မဟာအောင်မြေမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမင်းသိန်းထံကသိရသည်။