စစ်ကိုင်းမြို့နယ်တွင် လယ်ယာအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်
Jun 02,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာန၊ ဆင်မင်းလယ်ယာနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းရှိ အသင်းသား တောင်သူများ၏ လယ်ယာမြေများအား လူမှုစီးပွားဘဝမြှင့်တင်ရန်နှင့် စနစ်ကျသောစိုက်ပျိုး ရေးလုပ်ငန်းဖြစ်စေရန်အတွက် ပြည်ထောင်စုဘတ်ဂျက်မှ (၅၀%)ထောက်ပံ့ငွေဖြင့် ရရှိထားသော ဒေဒေါင်းလယ်ယာသုံးစက်ကိရိယာများဖြင့် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများကို အသင်းသားတောင်သူများ၏ လယ်ယာမြေများတွင် ဆောင်ရွက်ပေးလျက်ရှိသည်။