Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို တောင်တွင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖများတွေ့ဆုံ
Jun 02,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တောင်တွင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိသူများအား ကြိုဆိုဂုဏ်ပြုပွဲကျင်းပ
Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးစီး၍ ပြန်လည်ရောက်ရှိလာသူများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို အမှတ် (၂) ရပ်ကွက်၊ ကန်ကြီးတန်းလမ်း၊ သီရိရတနာခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခမဲ့) သင်တန်းဖွင့်
Jun 02,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခမဲ့) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနသင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေး
Jun 02,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များကိုပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးရုံး၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့နယ် နောင်လုံကျေးရွာအုပ်စု၊ နောင်လုံကျေးရွာရှိ သဘာဝရေထွက်တော (၆၆)ဧကအား မြို့နယ်တာဝန်ရှိသူတို့က သဘာဝ ရေထွက်ရေထိန်းတော ဧရိယာအဖြစ် ကွင်းဆင်းသတ်မှတ်ပြီးစီး
Jun 02,2026
ကျေးရွာများရှိ သဘာဝရေထွက်များနှင့်ရေထိန်းတောများရေရှည်တည်တံ့စေရန် အတွက်ရည်ရွယ်လျက်၊ လင်းခေးမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၉ခုနှစ် ရှမ်းပြည်နယ် သဘာဝရေထွက် ရေထိန်းတောထိန်း သိမ်းကာကွယ်ရေး ဥပဒေအရ၊ လင်းခေးမြို့နယ်၊ နောင်လုံကျေးရွာအုပ်စု၊ နောင်လုံကျေးရွာအနီးရှိ (နောင်လုံ) သဘာဝရေထွက်တော (၆၆)ဧကနှင့် ကြားခံနယ်မြေတို့အား သဘာဝရေထွက်တောရေထိန်းတောဧရိယာအဖြစ် ယမန်နေ့က ကွင်းဆင်းသတ်မှတ်ပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ တောင်ကြီးမြို့ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ကွင်းဆင်းကြည့်ရှုအားပေး
Jun 02,2026
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ ပြည်နယ်လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်၊ ပြည်နယ်အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေး၌ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်း(၃/၂၀၂၆)ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jun 02,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မီးသတ်ဦးစီးဌာနကကြီးမှူး၍ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၃/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 02,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ပြည်သူများအကြား ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်လာစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ဇွန်လ ၁ ရက် နံနက်ပိုင်းက လူစည်ကားရာ ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်လမ်းမတွင် ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
435
Page
436
Page
437
Page
438
Current page
439
Page
440
Page
441
Page
442
Page
443
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department