သတင်းများ

တနင်္သာတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မြိတ်မြို့ စိမ်းလန်းစိုပြေ သာယာလှပရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 02,2026
တနင်္သာတိုင်းဒေသကြီး မြိတ်မြို့ စိမ်းလန်းစိုပြေ သာယာလှပစေရေးအတွက် တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သစ်တောဦးစီးဌာနပျိုးဥယျာဉ်၌ မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လူထုအခြေပြု သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြု တတိယဆုရ ကျောင်းသူ မမြဖူးငုံနှင့် ဘွဲ့ရဆရာမများနှင့် ကျောင်းသား/ သူများအား ချီးကျူးဂုဏ်ပြုပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
Jun 02,2026
လူငယ်လူရွယ်များနှင့် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဝင်သမိုင်းကြောင်းများကို စနစ်တကျ လေ့လာမှတ်သားမိစေရန်နှင့် သာသနာတော်ကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ဝင်ရောက်ဖြေဆို၍ တိုင်းဒေသကြီးကိုယ်စားပြု တတိယဆုရရှိခဲ့သော ကျောင်းသူ မမြဖူးငုံနှင့် ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့ရ (၁၂) ဦးနှင့် ဗုဒ္ဓဝံသဒီပလိုမာဘွဲ့ရ ဆရာမ (၆) ဦးတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၃၁ ရက်နေ့ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၈) ရပ်ကွက်၊ အင်ကြင်းလမ်းရှိ ဓမ္မဇောတိကျောင်းတိုက်တွင် ကျင်းပသည်။
ကြံခင်းမြို့ပေါ်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ပျော်ရွှင်စွာတက်ရောက်သင်ကြားနေမှုတို့အား တာဝန်ရှိသူများက ကြည့်ရှုအားပေး
Jun 02,2026
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ဇွန်လ ၁ ရက်​နေ့ နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ အ.ထ.က(၁)နှင့် အ.ထ.က(၂) ကျောင်းများသို့ ကျောင်းများစတင် ဖွင့်လှစ်နေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာသင်ကြားနေမှုများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ရေနံ့သာငါးလုပ်ငန်းစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ မတ္တရာမြို့နယ်မှ တောင်သူများနှင့်တွေ့ဆုံ
Jun 02,2026
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက မတ္တရာမြို့နယ်ရှိ ရေနံ့သာငါးလုပ်ငန်းစခန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့မစိုက်ပျိုးရေးပညာပေးစခန်း၌ တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်း (၂၂၁) ကျောင်း၌ ယနေ့နံနက်ပိုင်းက စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းစတင်ဖွင့်လှစ်
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အဖြစ် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိခဲ့ပြီး ယနေ့ဇွန်(၁)ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/သူများ တက်ကြွပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး စခန်းသွင်းလေ့ကျင့်နေသည့် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအားကစားအဖွဲ့အားကြည့်ရှုအားပေးပြီး တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jun 02,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ စခန်းသွင်း လေ့ကျင့်‌နေသည့် အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားအဖွဲ့အား ကြည့်ရှုအားပေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။