သတင်းများ

တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်၍ စာသင်ကြားနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံ ထောက်ပံ့ပေးအပ်
Jun 02,2026
၂၀၂၆−၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝှမ်း စတင်ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို စတင်ဖွင့်လှစ်ပြီး ကျောင်းသင်ခန်းစာများ စတင်သင်ကြားပေးလျက်ရှိသည်။
ပန်းတနော်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၆) ဖွင့်လှစ်
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပန်းတနော်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2026
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများ ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများလည်း ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများလည်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ထုတ်ပေးသည့် အခမ်းအနားကျင်းပ
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ထုတ်ပေးသည့်အခမ်းအနားအား မေ ၂၈ ရက်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မအူပင်မြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး စိုက်ပျိုးရေးနည်းပညာပေး အခမ်းအနားကျင်းပ
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး စိုက်ပျိုးရေးနည်းပညာပေး အခမ်းအနားအား မေ ၂၈ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဟိုင်းကြီးကျွန်းမြို့၌ မိုးစပါးရေတော်မိုးတော်ဧရိယာတွင် သစ်စိမ်းမြေသြဇာထည့်သွင်းနိုင်ရေးအတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲကျင်းပ
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စပါးရေတော်မိုးတော်ဧရိယာ၌ သစ်စိမ်းမြေသြဇာထည့်သွင်းနိုင်ရေးအတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ခြင်းကို မေ ၂၉ ရက်နေ့နံနက်(၀၉း၀၀)နာရီအချိန်က ငါးပြေမကျေးရွာအုပ်စု၊ ငါးပြေမကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
‎မဟာအောင်မြေမြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း အခမ်းအနားကျင်းပ
Jun 01,2026
‎ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှူတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရပ်ရွာ ခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းကို မဟာအောင်မြေမြို့နယ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2026
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ မူ/လယ်/အထက်တန်းအဆင့် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ တပြိုင်နက်တည်းဖွင့်လှစ်သင်ကြားလျက်ရှိသည်။