သတင်းများ

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျွန်းစုမြို့နယ်ရှိ တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 29,2026
တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် လမ်းဦးစီးဌာန၊ တံတား ဦးစီးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ် ၂၈ ရက်က ကျွန်းစုမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့(တနင်္သာရီ)မှ ဆောင်ရွက်လျက်ရှိသော လမ်းလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပြည်ကြီးတံခွန်မြို့နယ် popy မုန့်မျိုးစုံထုတ်လုပ်ရေးစက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်
Mar 29,2026
မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မတ် ၂၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် Popy မုန့်မျိုးစုံထုတ်လုပ်ရေးစက်ရုံ၌ မီးဘေး‌ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကွန်ပျူတာ သင်ခန်းစာဆန်းစစ်ချက်များဖြေဆို
Mar 29,2026
ကရင်ပြည်နယ် ဘားအံမြို့၌  နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေးနှင့် ကွန်ပျူတာနည်းပညာများကို အလွယ်တကူလေ့လာသင်ကြားနိုင်ရေးအတွက် အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၆)ကို  မတ် ၁၀ ရက်မှ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်ခန်းစာများဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲကို ယနေ့နံနက်၉နာရီက ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
အိမ်မဲမြို့တွင် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ကာ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်မီးလောင်
Mar 29,2026
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက် (၂)လမ်းရှိ ကိုဝဏ္ဏဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်တွင် မတ် ၂၈ ရက် ည၈နာရီ ၁၀ မိနစ်ခန့်က လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ကြောင်းသိရသည်။
ရွှေစက်တော်ဘုရားပွဲရာသီ၌ ဒေသထွက်ပစ္စည်းများရောင်းချသည့်ဈေးသည်များ ရောင်းအားကောင်းလာ
Mar 29,2026
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲရာသီတွင် ရွှေစက်တော်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်မှ ဒေသထွက်ပစ္စည်းများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများရောင်းချသည့် မင်းဘူးမြို့ဒေသခံဈေးသည်များထံမှ သိရသည်။
ရမည်းသင်းမြို့နယ်၌ မန္တလေးငလျင်ကြီး(၁)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Mar 29,2026
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ မန္တလေးငလျင်ကြီး(၁)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ၁၂ နာရီ ၅၁ မိနစ်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသင်းရတနာခန်းမ၌ ကျင်းပသည်။
မော်လိုက်မြို့ တံတားဦးဘုန်းတာ်ကြီးကျောင်းတွင် သံဃာတော်များနှင့်‌ ‌သက်ကြီးဘိုးဘွားများ‌‌ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Mar 29,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ‌‌တီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် တံတားဦးဘုန်းတော်ကြီးကျောင်းတိုက်တွင် သံဃာတော်များနှင့် တံတားဦးရပ်ကွက်နှင့်‌ ညောင်ပင်သာရပ်ကွက်တို့ရှိ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မတ် ၂၈ ရက်နေ့ နံနက် (၉) နာရီအချိန်က တံတားဦးဘုန်းတော်ကြီးကျောင်းတိုက်တွင်း ဆောင်ရွက်ခဲ့ကြသည်။
စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
Mar 29,2026
မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။