သတင်းများ

ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အဆင့်တိုင်းရင်းသားစာပေဖြေဆိုပြိုင်ပွဲ၊ ရိုးရာအဆို / အကပြိုင်ပွဲနှင့် ရိုးရာလက်မှုပညာပြိုင်ပွဲကျင်းပ
Mar 29,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦး‌ဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့မှ ပူးပေါင်းကျင်းပသည့် တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်းကျေးရွာ၊ အရှေ့ကျောင်းတိုက်တွင် မတ် ၂၇ ရက်နေ့က ကျင်းပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် သဘာဝရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရေးနှင့် စနစ်တကျ ထိန်းသိမ်းမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 29,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ဒေသခံပြည်သူများ အသုံးပြုလျက်ရှိသော နမ့်ဟူး လွယ်ကာကျေးရွာအုပ်စု နမ့်ဟူး သဘာဝရေထွက်တော (၁၂)ဧက၌ သဘာဝရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရေးနှင့် စနစ်တကျ ထိန်းသိမ်းကာကွယ်နိုင်စေရန် ဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းအား မြို့နယ်မှ တာဝန်ရှိသူများ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
ပေါက်ခေါင်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Mar 29,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို အ.ထ.က(ပေါက်ခေါင်း)ကျောင်း ရွှေရတုခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသည်။
ကျောက်ဆည်မြို့ရှိ ကျန်းမာရေးဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချ
Mar 29,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  ပြည်သူများ စားဝတ်နေရေးအထောက်အပံ့ရရှိစေရန် အထွေထွေရောဂါကုပြည်သူ့ဆေးရုံဝင်းအတွင်း၌ မတ် ၂၉ ရက် နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် ၁၆၀ ကျော်အတွက် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များအား  ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ဖြေဆို
Mar 29,2026
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (ပထမနေ့) ကို ယနေ့မွန်းတည့် ၁၂ နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ အောင်သိဒ္ဓိကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပသည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် ပါဠိပထမပြန် စာမေးပွဲများစတင်ဖြေဆို
Mar 29,2026
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကျင်းပသော ပါဠိပထမပြန်စာမေးပွဲများကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အမှတ် (၄) ရပ်ကွက်ရှိ  မြို့လယ်သံဓမ္မာရုံ၌ မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီမှစတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
 ရွှေကျင်မြို့တွင် ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Mar 29,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊  ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက် လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ရွှေကျင်မြို့နယ်တွင် မတ် ၂၉ ရက် မွန်းတဲ့(၁၂)နာရီမှ စတင် ကျင်းပလျက်ရှိသည်။
ကဝမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို
Mar 29,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ကဝမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၆)ခုနှစ် ပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲ ပထမနေ့ကို ယနေ့မွန်းတည့် (၁၂)နာရီက ကဝမြို့ စက်ကျောင်း ကျောင်းတိုက်၌ စတင်ဖြေဆိုသည်။