သတင်းများ

ကျောက်တလုံးမြို့၌ ကြက်သွန်ဖြူအထွက်နှုန်းကောင်းသဖြင့် တောင်သူများ အဆင်ပြေ
May 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဆောင်းရာသီတွင် စိုက်ပျိုးခဲ့သော ကြက်သွန်ဖြူစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်ခဲ့၍ လက်ရှိရိတ်သိမ်းပြီးချိန်တွင် ကြက်သွန်ဖြူအထွက်နှုန်းကောင်းလျက်ရှိကြောင်း သိရသည်။
မအူပင်မြို့နယ်၊ ရွှေတောင်မှော်နယ်မြေစခန်းအပိုင်အတွင်း ရက် (၁၀၀) စီမံချက် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော် နယ်မြေစခန်းအပိုင်အတွင်း ရက် (၁၀၀) စီမံချက် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် (၉) နာရီက တော်တလုပ်ကျေးရွာအုပ်စု၊ သုံးခွဆိုင်ကျေးရွာ၊ ရတနာပုံဘုန်းတော်ကြီး ကျောင်းအတွင်း ကျင်းပပြုလုပ်သည်။
ဆိပ်ဖြူမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်တာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲကျင်းပ
May 22,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်တာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်သည်။
ငဖဲမြို့နယ်၌  စာအုပ်စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်
May 22,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်သည်။
ဆီဆိုင်မြို့နယ်၌ မိုးကြိုးထိမှန်၍ နွားကောင်ရေ (၅၀)ခန့် သေဆုံး
May 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာ၌ မိုးကြိုးထိမှန်၍ နွားကောင်ရေ (၅၀)ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ ၂၁ ရက် နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်မာလာကုန်း လမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။
လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးမြေစိုက်ပိုစတာများအား စုစုပေါင်း နေရာ ၆ နေရာတွင် တစ်ပြိုင်နက်တည်းစိုက်ထူ
May 22,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးမြေစိုက်ပိုစတာများအား စုစုပေါင်း နေရာ ၆ နေရာတွင် တစ်ပြိုင်နက်တည်းစိုက်ထူခြင်းကို ယမန်နေ့နံနက် ၉ နာရီက သက်ဆိုင်ရာနေရာများ၌ အသီးသီးဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်‌ရေး ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်း
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်‌ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို ယခုရက်သတ္တပတ်အတွင်း၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၆) အုပ်စုတွင် မြို့နယ်ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသော မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။