သတင်းများ

ကြံခင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၌ တွင်းနက်ဆက်စပ်လုပ်ငန်း‌ ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
May 22,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ဆုံလဲကျေးရွာ အုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၌ မေ ၂၀ ရက်နေ့က တွင်းနက်ဆက်စပ်လုပ်ငန်း‌ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
လယ်ဝေးမြို့ယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
May 22,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်လူငယ်များနှင့် စာဖတ်ဝိုင်း ကျင်းပသည်။
မိုင်းပန်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်များ စိုက်ထူ
May 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပညာရေးဦးစီးဌာနတို့က ယမန်နေ့နံနက် ၉နာရီတွင် အခြေခံပညာကျောင်းများ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ
May 22,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဥတ္တရသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွှေဘိုမြို့နယ်ရှိ အပြင်ရွှေပေါ်ကျွန်းစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနားကျင်းပ
May 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ပိတောက်ခေါင်းကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပြင်ရွှေပေါ်ကျွန်းစေတီတော်မြတ်ကြီးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေ၊ ကုသိုလ်ရှင်အများပြည်သူအလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဘက်စုံပြန်လည်ပြုပြင်မွမ်းမံပြီးစီးခြင်းအောင်ပွဲ အနေကဇာတင်လှူပူဇော်ခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အပြင်ရွှေပေါ်ကျွန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ပဏာမ မျက်စိစမ်းသပ်စစ်ဆေးခြင်း သင်တန်းဖွင့်လှစ်
May 22,2026
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းနေရွယ်ကလေးငယ်များအတွက် ပဏာမမျက်စိစမ်းသပ် စစ်ဆေးခြင်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့၊ မြို့မရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ထန်းတောရပ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ကြသည်။
ကျောက်မဲမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးရွာ(၅)ရွာအတွက် အိမ်သုံးဆိုလာစုံ ၁၀၇ စုံ ထောက်ပံ့ပေးအပ်
May 22,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးလက်ဒေသများမီးလင်းရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျပ်သိန်း ၄၂၀ ကျော် တန်ဖိုးရှိ အိမ်သုံးဆိုလာစုံများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါမြို့နယ်၊ ကျွဲကုန်းကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။