သတင်းများ

မြိတ်မြို့၌ မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေး မရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန် မဲစာရင်းကြေညာ
Oct 03,2025
တနင်္သရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်များမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒနယ်အသီးသီးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ(၃၀)ရက်မှ စတင်၍ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို သွားရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား လွိုင်ကော်တွင် ကျင်းပ
Oct 03,2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ကြီးဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပေါင်မြို့နယ်၌ မဲစာရင်းကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး
Oct 03,2025
မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ ကျေးရွာများသို့ တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကြံခင်းမြို့နယ်အတွင်း (ပထမအကြိမ်)ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်း(ဒုတိယနေ့) ကပ်ထားကြေညာထားရှိမှုများအား တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု
Oct 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောင်ပွဲကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို(ပထမအကြိမ်) ရပ်ကွပ်/ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်(ဒုတိယနေ့) ကြေညာထားလျက်ရှိရာ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
ဘီးလင်းမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Oct 03,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားသည့်နေရာများကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကွန်ဟိန်းမြို့၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာ
Oct 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို စက်တင်ဘာ ၃၀ ရက်နေ့တွင် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 03,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်းကို အောက်တိုဘာ ၁ ရက်က မြင်းခြံဘိုးဘွားရိပ်သာတွင် ပြုလုပ်သည်။
မကွေးတိုင်း‌ဒေသကြီး ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ
Oct 03,2025
မကွေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများစတင်ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။