သတင်းများ

လွိုင်လင်မြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ
Oct 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်အားပေးခဲ့သည်။
တံတားမြို့၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲ ကျင်းပ
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း(၂/၂၀၂၅ )ကို ဝိဇ္ဇာဓမ္မသာသနာ့ဗိမ္ဗာန်၌ ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
ဟင်္သာတမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ
Oct 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း ရောက်ရှိနေထိုင်လျက်ရှိသော အသက်(၁၈)နှစ်နှင့်အထက် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ
Oct 02,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ(၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပခဲ့သည်။
ချမ်းအေးသာစံမြို့နယ်၌ ရွေးကောက်ပွဲ‌အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ ပြည်သူများ လာရောက်ကြည့်ရှု
Oct 02,2025
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်‌နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားများသို့တက်ရောက်
Oct 02,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့်(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကြေညာထားမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး
Oct 02,2025
ပုသိမ်ကြီးမြို့နယ်တွင် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်ပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များစာရင်းများအား နိုဝင်ဘာ (၃၀)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမှုအပေါ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ 
ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားမှုအား ကွင်းဆင်းကြည့်ရှု
Oct 02,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများ၌ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှစတင်၍ ကြေညာထားရာ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့သည်။