သတင်းများ

ဥတ္တရခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 06,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (လေသာ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ နှင့်နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်
Feb 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်ခြင်းကို ယမန့်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ
Feb 06,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီးမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မုန်တိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ အ.ထ.က ကျောင်း၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Feb 06,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် တတိယအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 06,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကျရောက်ပျက်စီးနိုင်သော လူနေအိမ်(၁၃၀)လုံးအတွက် အမိုးအကာများအားပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့၏ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၄ ရက်၊ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်
Feb 06,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် အောင်ဓမ္မဝိပဿနာ တရားစခန်းရိပ်သာ တည်ဆောက်ရန် မြေသန့်မင်္ဂလာကျင်းပ
Feb 06,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ ခိုယောင်းကျေးရွာအုပ်စု၊ ပိန်းကမ်းကျေးရွာ နေမိန္ဒရ ကုန်းတော် အောင်တော်မူစေတီတော်အနီးတွင် အောင်ဓမ္မ ဝိပဿနာ တရားစခန်းရိပ်သာ တည်ဆောက်ရန် မြေသန့်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ပိုင်ကျုံမြို့၊ အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Feb 06,2025
ကရင်ပြည်နယ် ၊ ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံး ရရှိသည့် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။