သတင်းများ

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Sep 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အခွန်ဦးစီးမှူးရုံးအ‌‌နေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပ‌ဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တနင်္သာရီမြို့နယ် ရပ်ကွက်/ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ 
Sep 30,2025
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရှိ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို ယနေ့နံနက်ပိုင်းက ကပ်ထား ကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်၌ စပါးခြွေလှေ့စက်ဖြင့် မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲကျင်းပ
Sep 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ် ၁၂၂၃၊ ဦးပိုင်အမှတ် ၉၆၊ တောင်သူ ဦးတင်မျိုးထွေး၏ လယ်မြေတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲကျင်းပခဲ့သည်။
သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ တီဘီရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်း ဆောင်ရွက်
Sep 30,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ကစ၍ သန်လျင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအား မဲပေးစက်ဆိုင် ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Sep 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက် ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်တွင်မြေပဲပန်းတိုင်အထွက်နှုန်းရရှိရေး ရုရှား သဘာဝမြေဩဇာ (Ruma Organic) ဆေးများအသုံးပြုပုံ အဆင့်ဆင့်အသိပညာပေးဆွေးနွေး
Sep 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နေ့လည်ပိုင်း ချစ်ပန်းနေကြာ မြေပဲစိုက်ပျိုးထုတ်လုပ်ရေး သမအသင်းသားများအား မြေပဲပန်းတိုင်အထွက်နှုန်းရရှိရေး ရုရှား သဘာဝမြေဩဇာ (Ruma Organic) ဆေးများအသုံးပြုပုံ အဆင့်ဆင့်အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ရေဦးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် ဌာနဆိုင်ရာများအား လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြအခမ်းအနား ပြုလုပ်
Sep 30,2025
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီက မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် ဌာနဆိုင်ရာများအား လက် တွေ့စမ်းသပ် မဲပေးခြင်း သရုပ်ပြအခမ်းအနား ပြုလုပ်ခဲ့‌ ကြောင်းသိရသည်။
ရွှေဘိုမြို့နယ်၌ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာ
Sep 30,2025
၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ မှ အောက်တိုဘာလ၁၃ ရက်နေ့ထိ(၁၄)ရက်ကြာရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားရှိကြောင်း သိရှိရသည်။