သတင်းများ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် သက္ကောကျေးရွာ “သုတစံအိမ်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
Feb 04,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ်ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့်အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ “သုတစံအိမ်” စာကြည့်တိုက်သစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက သက္ကောကျေးရွာ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ငပုတောမြို့နယ်၌ ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီး ဖွင့်လှစ်ပို့ချ
Feb 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြတ်မော်တင်စွန်းတစ်ဖက်ကမ်း၊ ပြင်ခရိုင်‌ကျေးရွာအုပ်စုတွင် နိုင်ငံကျော် ဓမ္မကထိ “ရှင်ဥတ္တမကျော်”၏ ဥပနိဿျအတိုင်း သင်ကြာပို့ချဖွင့်လှစ်လျက်ရှိသော “ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီး” သင်ခန်းစာများ ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် (၃၂)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စတင်ကျင်းပ
Feb 04,2025
ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယမဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး၍ (၃၂)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီ အချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး (အရှေ့) တောင်ငူမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Feb 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်ကြီး၌ တောင်ငူမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
ပိုင်ကျုံမြို့၌ နှမ်းနက်(ခေါ်)စမုံနက်နှမ်း ဈေးကောင်းရ၍ နှမ်းစိုက်တောင်သူများ ပိုမိုအဆင်‌ပြေ
Feb 04,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ဆီထွက်သီးနှံဖြစ်နှမ်းများကိုလည်း စိုက်ပျိုးလျက်ရှိပြီး နှမ်းနက်(ခေါ်) စမုံနက်နှမ်းစိုက်တောင်သူများ နှမ်းဈေး‌ကောင်းရ၍ မိသားစုစားဝတ်နေရေး ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပန်းတ‌နော်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Feb 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ အင်းမကျေးရွာရှိ မြတ်စက်သုံးဆီ အရောင်းဆိုင်နှင့် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မီးဘေးလုံခြုံရေး စစ်ဆေးခဲ့သည်။
ချောင်းဆုံမြို့နယ်၌ သစ်တောထိန်းသိမ်းရေး ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော
Feb 04,2025
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင် ဖြစ်ပေါ်လာ၍ သဘာဝသစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်ရေးအတွက် မော်လမြိုင်(တွဲဖက်) ချောင်းဆုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မုနိုင်းကျေးရွာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲကျင်းပ
Feb 04,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။