သတင်းများ

ထားဝယ်မြို့၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 04,2025
နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ကျင်းပသည်။
ရွှေဘိုမြို့၌ KG ကျောင်းသား ကလေးငယ်များအား ​ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Feb 04,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်/မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး(၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရ ကျွေးခြင်းလုပ်ငန်းများကို ယနေ့နေ့လယ်ပိုင်းက ထ(ခွဲ)အ.လ.က(၁)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော
Feb 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အ.ထ.က(၂)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီခွဲအချိန်က အဆိုပါကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ပေးအပ်
Feb 04,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၉) နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငွေကြေးပေးအပ်မှု အစီအစဥ်အရ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ပေးအပ်လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Feb 04,2025
ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ဇီဇဝါဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်၌ ဆန်ဆိုင်များ၊ စိုက်ပျို​ရေးဆေးပစ္စည်းအ​ရောင်းဆိုင်များနှင့် ဆေးဝါးအရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Feb 04,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ​မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆန်ဆိုင်များ၊ စိုက်ပျို​ရေးဆေးပစ္စည်းအ​ရောင်းဆိုင်များနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့်လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ
Feb 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်၊ တစ်ဦးမှ တစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် Pfizer ကာကွယ်ဆေးကို သက်ဆိုင်ရာ ဆေးထိုးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီကစ၍ အမှတ်(၁) ရပ်ကွက်၊ စိန္တာမုနိတန်ဆောင်းတော်ကြီးတွင် အသက် (၁၈)နှစ်နှင့် အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer)များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့ အ.ထ.က(၃)ကျောင်းတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး​ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်
Feb 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်း အခြေခံပညာဦးစီးဌာနလက်အောက်ရှိကျောင်းများတွင် ပွင့်လင်းရာသီရောက်ရှိလာပြီ၍ မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း မြမဥ္ဇူခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။