သတင်းများ

တပ်ကုန်းမြို့နယ်၌ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် မဲစာရင်းကပ်ထားကြေညာမည့် လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ချောင်းသာမြို့၌ ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ဖွင့်လှစ်ခဲ့သော ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက AZURA Resort Hotel ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးမြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သို့ ထောက်ပံ့ပစ္စည်းပေးအပ်၍ ဘိုကလေးပညာရေးဒီဂရီကောလိပ်စာသင်ဆောင်ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှစစ်ဆေး
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်၌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအားတွေ့ဆုံ၍ ဒေသတွင်း လုံခြုံရေးအတွက် လမ်းညွှန်မှုများနှင့် အားပေးစကားများပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
မိုင်းပျဉ်းမြို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းမိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းမိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ယမန်နေ့ ညနေ(၅)နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့၏ ရိုးရာအမွေအနှစ် ဆင်ပွဲတော်
Sep 28,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မကြာခင်အချိန်ကာလ၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်ကြီး ရောက်ရှိလာတော့မည်ဖြစ်ပြီး ဆင်အကအလှအဖွဲ့များမှလည်း ရိုးရာဆင်၊ ဘော်ကြယ်ဆင်များဖြင့် မြန်မာရိုးရာ အိုးစည်၊ ဒိုးပတ်၊ ဝါး၊ နှဲ၊ လင်ကွင်း အတီးအဖွဲ့များနှင့်တစ်ဖုံ ခေတ်ပေါ်တေးဂီတ သံစုံတီးဝိုင်းအဖွဲ့များကတစ်မျိုးနှင့် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် စတင်လှည့်လည် ကပြဖျော်ဖြေလျက်ရှိကြောင်း သိရှိရပါသည်။
ဒေးဒရဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် တွေ့ဆုံရှင်းလင်းမှာကြားခြင်းအခမ်းအနား ကျင်းပ
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားအား ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်
Sep 28,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ယနေ့နံနက် ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းဘေးတစ်လျှောက်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့တွင်း လမ်းမီးများအသစ်လဲလှယ်တပ်ဆင်
Sep 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့တွင်မြို့တွင်းလမ်းမီးအလင်းတိုင်များကောင်းစွာရရှိစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး လမ်းမီးများအသစ်လဲလှယ်တပ်ဆင်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။