သတင်းများ

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံး(ဂိုးလတ်)ပြိုင်ပွဲကျင်းပ
Feb 03,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံး(ဂိုးလတ်)ပြိုင်ပွဲကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်းသိရသည်။
ပလောက်မြို့၊ မူလွန်ကျောင်း၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေး
Feb 03,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မူလွန်ကျောင်း၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ (မူလွန်)ကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မူလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း  ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ အပင်နှစ်ဆယ် တံတား(၂၂၀)ပေ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Feb 03,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၁ဝ၆) အပင်နှစ်ဆယ်တံတား (၂၂၀)ပေ၊ မူလ(၂)လမ်းသွားမှ (၄)လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရများလှူဒါန်း
Feb 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလယ်တန်းကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း   Global Earth Agro & Aqua Industry Public Co., Ltd သို့ သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေး
Feb 03,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် စားသုံးဆီ အခက်အခဲမရှိစေရေး ​မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ စဉ်ဆက်မပြတ် ရောင်းချပေး
Feb 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူများ စားသုံးဆီ အခက်အခဲမရှိစေရေး ​စေတုတ္တရာမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအတွက် စားအုန်းဆီ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က စံပြရပ်ကွက် ဦးသန်းကျော်ဆီဆိုင်တွင် အိမ်ထောင်စု တစ်စုလျင်စားအုန်းဆီ ၁ ပိဿာ ငွေကျပ် ၈၁၅ဝ/ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ပန်းတနော်မြို့နယ် ကဇင်းငူကျေးရွာအုပ်စု၊ သမိုင်းကျေးရွာရှိ ကျေးရွာသူရွာသားများအား မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ရပ်စောက်၌ အသက် (၂) လမှ (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေး
Feb 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အသက် (၂) လမှ (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ‌ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။