ကလောမြို့၌ ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2026
ကျောင်းသား/သူများအား နွေရာသီကာလကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ လူငယ်အနာဂတ် ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။