သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် နွေရာသီသင်တန်းများဆင်းပွဲအခမ်းအနား၊ ပါဠိပထမပြန်စာမေးပွဲနှင့် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
Mar 31,2026
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
မိုးနဲမြို့နယ်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 31,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပခဲ့ရာ သင်္ကြန်ပွဲ‌တော်ဖြစ်မြောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကော့သောင်းမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်
Mar 31,2026
၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
ဘားအံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်း
Mar 31,2026
ဘားအံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၆) ဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ကျင်းပသည်။
ကော့သောင်းမြို့၌ ၁၃၈၇-၁၃၈၈ခု၊၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2026
ကော့သောင်းမြို့၌ ၁၃၈၇-၁၃၈၈ခု၊၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၃၀) ရက်‌နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင်  ကျင်းပသည်။
စလင်းမြို့နယ်တွင် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Mar 31,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘောလီဘောနှင့် စားပွဲတင်တင်းနစ် အားကစားသင်တန်းများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမတို့၌လည်းကောင်း၊ မတ်လ ၂၀ ရက်နေ့မှစတင်ပြီး နေ့စဉ် နံနက် ၇ နာရီမှ ၁၁ နာရီထိ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ မြိတ်မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများအား Incident Command System (ICS)ကို အခြေခံသည့် အသိပညာပေး ဟောပြောဆွေးနွေး
Mar 31,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်း မီးလောင်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များ၊ မ‌တော်တဆမှုများ ဖြစ်ပွားသည့်အခါ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ဟန်ချက် ညီညီဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် Incident command system(ICS) ကိုအခြေခံသည့် အသိပညာပေးဟောပြော ဆွေးနွေးပွဲကို မတ်(၃၀)ရက် ညနေ(၆:၃၀)နာရီက မြိတ်ခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဘိုကလေးမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Mar 31,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၀၈)၊ ဦးပိုင်အမှတ်(၉၀/၂)၊ ဧရိယာ (၅)ဧကရှိ တောင်သူ ဦးမြင့်ဝေ၏ လယ်ယာမြေတွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးထားခဲ့သော ထိုင်းဘေးကြား စပါးမျိုးကွဲအား မတ် ၃၀ ရက်နေ့နံနက်(၉)နာရီ အချိန်တွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့သည်။