သတင်းများ

မိုင်းဆတ်မြို့၊ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 15,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် အများပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာများ မပျက်စီး၊ မဆုံးရှုံးစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်၌ ဒေသထွက်ငရုပ်သီးစိမ်းစျေးကောင်းရ၍ စိုက်ပျိုးရောင်းချသူများအဆင်ပြေလာ
May 15,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်လျက်ရှိပြီး ရောင်းချချိန်ငရုပ်သီးစိမ်းများ စျေးကောင်းရရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
May 15,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Women Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း  မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းဖွင့်လှစ်
May 15,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဆရာဖြစ်သင်တန်း မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းကို ယမန်နေ့နံနက်ပိုင်းကစ၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံ
May 15,2026
ရှမ်းပြည်နယ်(အရှေပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူ‌ရေးလုပ်ငန်းများဖွံ့ဖြိုး‌ရေးအတွက် ‌ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က ပန်ကြူအုပ်စု၊ ပန်ကျင်‌အောက်(တံတားဖြူ)ရွာတွင် ဆောင်ရွက်သည်။
ဆိပ်ဖြူမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
May 15,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မုန်တိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
ငါးသိုင်းချောင်းမြို့၌ စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းတွင် မြို့အတွင်းရှိ ကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဆီဆိုင်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
May 15,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဆီဆိုင်)ကျောင်းရှိ ယုဇနခန်းမ၌ တွေ့ဆုံသည်။