သတင်းများ

မြစ်ကြီးနားမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
May 15,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
နာဂဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ ရက်(၁၀၀) စီမံကိန်းလုပ်ငန်းဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရေးဆွဲနည်း၊ (AVIP) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 15,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ ရက် (၁၀၀) စီမံကိန်း (VDP) ရေးဆွဲနည်း၊ (AVIP) သင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ (၁၂) ရက်နေ့ မွန်းလွှဲပိုင်း ၂  နာရီက ရောကော့ ရပ်ကွက်၊ နန်းယွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
ကော့မှူးတွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 15,2026
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သထုံခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အမြန်ဆုံးတုံ့ပြန်ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ပြင်ဆင်ထားရှိ
May 15,2026
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း သဘာဝဘေးနှင့်အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ပြင်ဆင်ထားရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင်တင်ဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်
May 15,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် လယ်‌ယာမြေအဆင့်မြှင့်တင်ခြင်း (စနစ်ကျ) (၂၀၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ကျိုက်ထိုမြို့နယ်စက်မှု လယ်ယာဦးစီးဌာန အမှတ် (၈၃) စက်မှုလယ်ယာစခန်းမှ‌ ယမန်နေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ ကွင်းအမှတ် (၁၈၈) (OSS) သောင်ကွင်း၌ ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့၌ GW 11 မျိုး နွေစပါးအထွက်နှုန်း စံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ မင်းတဲလေးကျေးရွာ တောင်သူ ဦးစိုးမင်းလတ်လယ်​​မြေ၌ ယနေ့နံနက်ပိုင်းက GW 11 မျိုး နွေစပါးအထွက်နှုန်း စံပြကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ရာ ခရိုင်/မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြသည်။
ရွှေကျင်မြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
May 15,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် UID ကတ်များ ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးသန်းဇော်ဦး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အသက်(၁၀)နှစ်အထက် ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ရက် ၁၀၀ စီမံချက်ဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်
May 15,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ UID ထုတ်ပေးခြင်းလုပ်ငန်းများအား ဆက်လက်ဝန်ဆောင်မှုပေးနေမှုများကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။