သတင်းများ

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲ ကျင်းပ
May 12,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးပဲတီစိမ်း ၃၀၆၈ ဧက စိုက်ပျိုးပြီးဖြစ်
May 12,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံဖူလုံပိုလျှံရေး ဒေသန္တရစီမံချက်ဖြင့် ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ၌ မိုးပဲတီစိမ်း ၃၀၆၈ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနမှ သိရသည်။
တောင်တွင်းကြီးမြို့၌ ၂၀၂၆-၂၀၂၇ခုနှစ် ရက် (၁၀၀) အတွင်းဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးစေ့များ ထောက်ပံ့
May 12,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် ရက် (၁၀၀) Quick Win ဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးစေ့များထောက်ပံ့ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အမှာစကားပြောကြားရာတွင် ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးကောင်းမျိုးသန့်များရရှိမှုအပေါ် ပန်းတိုင်အထွက်နှုန်းရရှိရေး အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
May 12,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်သမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယမန်နံနက်ပိုင်းက စံကင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့၌ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
May 12,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ မိုးရာသီစိုက်ပျိုးစ ရိတ်ချေးငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်များထုတ်ချေးပေး
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက် (၁၀၀) စီမံချက်ဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေးပေးခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုး စရိတ်များထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်တွင် ထုတ်ချေးပေးခဲ့သည်။
ကော့မှူးတွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိ‌စေရေး လိုက်လံဆောင်ရွက်
May 12,2026
အစိုးရသစ် ရက် (၁၀၀) စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေး (အော်တိုအိတ်ချိန်း) တို့ပူးပေါင်း၍ အမြင်မတင့်တယ်သောဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဇလုပ်ကြီးကျေးရွာ၌ ဆောင်ရွက်နေကြောင်း သိရသည်။