သတင်းများ

ကျောက်ဆည်မြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဒီပလိုမာ(စာပေးစာယူ)(အမှတ်စဉ်-၃) (ပထမနှစ်) ဝင်ခွင့်စာမေးပွဲကျင်းပ
May 12,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဒီပလိုမာ(စာပေးစာယူ) (အမှတ်စဉ်-၃) (ပထမနှစ်) ဝင်ခွင့်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး
May 12,2026
တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်၏မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စာရေးဆရာမခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက ကျင်းပခဲ့သည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန၌ လူမှုကွန်ရက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူမှုကွန်ရက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
May 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျကျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီး နေအိမ်(၆)လုံးရှိ လေဘေးသင့်ပြည်သူများအား မေလ ၁၂ ရက်နေ့နံနက် ၁၁ နာရီအချိန်က အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
May 12,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုး‌ရေးရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တွံတေးမြိုနယ်တွင် နိုင်ငံတော်အစိုးသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ရွာသစ်ကြီးကျေးရွာတွင် VDP စီမံကိန်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းသစ်ခင်း
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊‌ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက VDP စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါလမ်းကို ဆက်လက်ခင်းကျင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်
May 12,2026
အနာဂတ်၏မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံစာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ကို ယမန်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။