သတင်းများ

ကျိုင်းတောင်းမြို့၌ မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်ဖွှင့်လှစ်
May 08,2026
ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ (၁၄၉၀)ကြိမ်၊ ရှမ်းတောင်မြို့နယ် ပေါင်းစုံဓမ္မစကူးလ်ကော်မတီ(၄၅)ကြိမ် ကျိုင်းတောင်းမြို့နယ် ဓမ္မစကူးလ်ကော်မတီ(ပထမ) အကြိမ် မူလတန်းအဆင့် ဓမ္မစကူလ်းဆရာအဖြစ်သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီ၌ ကျိုင်းတောင်မြို့ မွေတော်မြို့နံစေတီဘုရားဝန်းအတွင်း ဓမ္မာရုံတွင် နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
ကျိုင်းတုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံ
May 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။
ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းကြီးကြပ်
May 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျင်းကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း (၁/၄)မိုင်အား ရေတားတမံတည်ဆောက်ခြင်းနှင့် ရေဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကျောက်မဲခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူအောင်နှင့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက နယ်မြေကွင်းဆင်းကြီးကြပ်ခဲ့သည်။
တောင်တွင်းကြီး​မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဥ်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
May 08,2026
မကွေးတိုင်း​ဒေသ​ကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့်လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက်(၉)နှစ်အောက် ကလေးငယ်များအား ကူးစက်ရောဂါကင်းဝေးစေရန်ရည်ရွယ်၍ တောင်တွင်းကြီးမြို့နယ် မိခင်နှင့်က​လေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ ကျင်းပခဲ့ကြသည်။
ကျိုင်းတုံမြို့၌ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ဝတ္တုတို၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲကျင်းပ
May 08,2026
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျိုင်းတုံခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ဝတ္တုတို၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် မေ ၇ ရက်က ကျင်းပခဲ့သည်။
လူရည်ချွန်စခန်း(ချောင်းသာ)တွင် စခန်းချနေထိုင်မည့် တက္ကသိုလ်လူရည်ချွန်မောင်မယ်များအား ရင်နှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ လူရည်ချွန်စခန်း(ချောင်းသာ)တွင် စခန်းချနေထိုင်မည့် တက္ကသိုလ်လူရည်ချွန်မောင်မယ်များသည် မေ ၆ ရက်နေ့ည ၈ နာရီအချိန်က ချောင်းသာမြို့သို့ ရောက်ရှိလာကြရာ ချောင်းသာမြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက ချောင်းသာမြို့အဝင်နှင့် လူရည်ချွန်စခန်း(ချောင်းသာ)မုဒ်ဦးတို့တွင် ရင်းနှီး‌နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
သရက်မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး
May 08,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုင်ငံတော်အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာများအရောက်ကွင်းဆင်း၍ ကျွဲနွားများအား ကူးစက်ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက် ၆ နာရီအချိန်ကစတင်ပြီး ထုံးတောင်ကျေးရွာအုပ်စု၊ ထုံးတောင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။