သတင်းများ

ဓနုဖြူမြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ ၅ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာ စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ
May 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမိုးနေကြာ (ရေဆင်း-၁ စပ်မျိုး) စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၇ နာရီက တပ်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၄၉၅) တောင်သူ ဦးကျော်ဝင်းစိုး၏ ယာမြေ ၅ ဧက၌ ကျင်းပသည်။
ခိုလမ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံ
May 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခိုလမ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
မင်းဘူးခရိုင်၌ ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဝါအထူးဇုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
May 08,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဝါအထူးဇုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရိုင်အတွင်းရှိ မြို့နယ်(၅)ခု၌ ဝါသီးနှံမျိုးစုံ ဧကပေါင်း (၄၃၂၉၇) ဧက စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
May 08,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျွန်းလှမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ
May 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၀ နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ညောင်သုံးပင်ခြံတွင် ပဲပုပ် (၁၄) မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုပညာပေးကွင်းသရုပ်ပြပွဲဆောင်ရွက်
May 08,2026
စိုက်ပဖိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ညောင်သုံးပင်ခြံတွင် ဒေသနှင့်ကိုက်ညီသော ပဲပုပ်မျိုးကောင်းမျိုးသန့်ရရှိစေရေးနှင့် တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေးအတွက် မျိုး(၁၄) မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုအား တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့မန်နံနက်ပိုင်းကကျင်းပခဲ့ကြောင်းသိရသည်။
ရေကြည်မြို့နယ်အသုတ်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် မီးလောင်မှုဖြစ်
May 08,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်း (၁)နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။