သတင်းများ

ကျုံပျော်မြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲပြုလုပ်
May 07,2026
မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပျဉ်ချဆိပ်ကျေးရွာအုပ်စု တောင်သူဦးကြည်ဝင်း၏ လယ်မြေနှစ်ဧက၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကို မေ ၃ ရက်နေ့နံနက်က ပြုလုပ်သည်။
မိုင်းဆတ်မြို့၌ ပညာရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
May 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ပညာရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပညာရေးဌာနဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ
May 07,2026
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မေလ (၅) ရက်နေ့နံနက် (၁၀)နာရီ၌ စာရေးဆရာ ဖေမြင့်၏ “ချုံကြားမှ ဘုံဖျားသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
သရက်မြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်‌များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 07,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် (WFP) ၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်နှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့
May 07,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကမ္ဘာ့စာနပ်ရိက္ခာအစီအစဉ်(WFP)၏ အစီအစဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် မြကန်သာရပ်ကွက်ရှိ ဇဝနရာမစာသင်တိုက်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်နှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ ရှင်းလင်းပွဲကျင်းပ
May 07,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ တတိယအကြိမ် လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ ညှိနှိုင်းဆွေးနွေးခြင်းကို မေ ၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
နတ်မောက်မြို့နယ်၌ သံပရာစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ
May 07,2026
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေး လုပ်ကိုင်သူတောင်သူများအနေဖြင့် မိရိုးဖလာတောင်သူလုပ်ငန်းအပြင် နှစ်ရှည်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ဝင်ငွေရရှိသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။
လဲချားမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ ထိုးနှံပေး
May 07,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို မေလ ၅ ရက်နေ့က မြို့မကျေးရွာအုပ်စု ဟိုနောင်လုံကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။