သတင်းများ

တောင်ကြီးမြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေး
Sep 25,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းနေ
Sep 25,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန် (၆၄၁၂၆)ဧကလျာထားရာ (၆၄၂၀၁)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တာချီလိတ်မြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် ဆောင်ရွက်နေသည့် အ.ထ.က(ခွဲ)မယ်ဟုတ်ကျောင်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မယ်ဟုတ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ပထမအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 25,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ ဟဲယာရွာမကျေးရွာဌာနစံကျောင်းတော်၌ ကိန်းဝပ်ပူဇော်ခံ
Sep 25,2025
ဒေသစာရီကြွချီလျက်ရှိသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် ယမန်နေ့တွင် အင်းလေးဒေသ ဟဲယာရွာမဌာနစံကျောင်း၌ ဆက်လက်ပူဇော်ခံ သီတင်းသုံးစံပယ်လျက်ရှိသည်။ 
မြစ်သားမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ဓာတ်မြေသြဇာ အချိုးကျ ရောစပ်အသုံးပြုခြင်း ကွင်းသရုပ်ပြ
Sep 25,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် သီလင်ကျေးရွာအုပ်စု၊ ခန္တီးလေး ကျေးရွာနေ တောင်သူ ဦးအောင်ကျော်စိုးစံ၏ (၅)ဧကစိုက် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အောင်နိုင်တိုးစပါးစိုက်ခင်းတွင် မြေသြဇာ ( ၃ : ၁ ) ရောစပ် ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀နာရီက  ပြုလုပ်သည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် စပါးစိုက်ခင်းများ ရေဝင်ရောက်မှု၊ ရေစီးရေလာကောင်းမွန်ရေး၊ အရိပ်ရသစ်ပင်စိုက်ပျိုးထားရှိမှုများ ကွင်းဆင်းကြည့်ရှု
Sep 25,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စပါးစိုက်ခင်းများ ရေဝင်ရောက်မှု၊ ရေစီးရေလာကောင်းမွန်ရေး၊ အရိပ်ရသစ်ပင်စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှုခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်
Sep 25,2025
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ယမန်နေ့  နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။