သတင်းများ

ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်းဖွင့်လှစ်
May 06,2026
စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းကို မေ ၅ ရက်နံနက် ၉ နာရီခွဲက လိတ္ထူကျေးရွာ ဇေယျာသီရိရွာ ဦးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ချထားပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 06,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာ မြေငှားဂရန် ချထားပေးနိုင်ရေးအတွက် မေ ၅ ရက်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လယ်ကိုင်းကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မြိတ်ခရိုင်တွင် ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ခရိုင်အဆင့် တာဝန်ခံများနှင့် တွေ့ဆုံ
May 06,2026
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် မြိတ်ခရိုင်အတွင်းရှိ သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ခံ အရာထမ်းများ မေ(၆)ရက် နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုများ၊ မြို့မိ မြို့ဖများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ တွေ့ဆုံပွဲတက်ရောက်
May 06,2026
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မြိတ်ခရိုင်ရှိ ပြည်သူများ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုများ၊ မြို့မိ မြို့ဖများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲတက်ရောက်သည်။
မိုင်းကိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြု ပညာပေးသင်တန်းဖွင့်လှစ်
May 06,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြုပညာပေးသင်တန်းကို ယမန်နေ့မနက်ပိုင်းက မြို့မအုပ်စု၊ ဆန့်ကန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်တွင် မိုးမြေပဲများ စတင်စိုက်ပျိုး
May 06,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပစားသုံးဆီတင်သွင်းမှုလျေ့ာချနိုင်ရန်အတွက် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲများ စတင်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
တောင်ကြီးမြို့၌ ပြီးပြည့်စုံသော အရေးပေါ်သားဖွားနှင့် မွေးကင်းစကလေးပြုစုကုသမှု Comprehensive Emergrncy Obstetric and Newborm Care (CEmONC) သင်တန်းဖွင့်ပွဲကျင်းပ
May 06,2026
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ခုတည်ဆောက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများ ဖြစ်ပေါ်လာရေးသည် အလွန်အရေးပါသည့်အတွက် ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်အတန်းပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ပြီးပြည့်စုံသောအရေးပေါ်သားဖွားနှင့် မွေးကင်းစကလေးပြုစုကုသမှု Comprehensive Emergrncy Obstetric and Newborm Care (CEmONC) သင်တန်းဖွင့်ပွဲကို ယမန်နေ့ မနက်ပိုင်းက တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး၊ အစည်းဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
တမူးမြို့၌ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 06,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက ကျင်းပသည်။