သတင်းများ

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်‌နေ့ (World Press Freedom Day) အခမ်းအနား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးတွင် ကျင်းပ
May 06,2026
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်‌နေ့ (World Press Freedom Day) အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း အမှတ် ၃၉၂-၃၉၆ ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးသင်တန်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
May 06,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက  ရပ်ကွက်ကြီး ၆ ရှိ မြနန်းတော်ခန်းမတွင် ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
May 06,2026
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန နှစ် (၈၀) ပြည့် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီခွဲက တောင်ကြီး-ဟိုပုံးမြို့အထွက် (၂) မိုင်တောင်ကြီး ခရိုင်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ် မြို့မစျေးကြီး၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
May 06,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၅ ရက်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
မုံရွာမြို့နယ် သစ်တောဦးစီးဌာန နန္ဒဝန်ပျိုးဥယျာဥ် (၁၊ ၂၊ ၃) တွင် မိုးရာသီလူထုဖြန့်ဝေပေးရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း (၆၃၉၆၉) ပင် ပျိုးထောင်ထားရှိ
May 06,2026
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအထောက်အကူဖြစ်စေရန် ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်တို့အတွက် မိုးရာသီပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန် မုံရွာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး၊ နန္ဒဝန်ပျိုးဥယျာဥ်တွင် သစ်ပင်မျိုးပေါင်း (၃၅) မျိုး၊ ပျိုးပင်ပေါင်း (၆၃၉၆၉) ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန၌ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ပထမအကြိမ် ဖွင့်လှစ်သင်ကြားပေး
May 06,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်သည့် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ပထမအကြိမ် ဖွင့်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ နံနက်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community  Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ရက် (၁၀၀) စီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်ပြားထုတ်ပေးခြင်း တက်ရောက်
May 06,2026
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ (၅) ရက် မွန်းလွဲပိုင်းက မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုတွင် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ  အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့် ဆက်စပ်အဆောက်အအုံများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်း ရှင်းလင်းပွဲ တက်ရောက်ကြသည်။
မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး မုဒုံမြို့နယ်ရှိ ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှု အခြေပြု စစ်တမ်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
May 06,2026
မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက မုဒုံမြို့နယ်ရှိ အဇင်းဥယျာဉ်ခြံသို့ ရောက်ရှိပြီး ဦးစွာ ရှင်းလင်းဆောင်တွင် ဥယျာဉ်ခြံတာဝန်ခံက ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့်  အပင်ဇီဝနည်း ပညာဌာနခွဲ၊ အဇင်းဥယျာဥ်ခြံ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။