ပူတာအို၌ ခရိုင်ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့် ရှင်းရေးပြုလုပ်

 မိုးရာသီကာလရောက်ရှိလာပြီဖြစ်သောကြောင့် ခြင်၊ ယင်၊ မြွေ အန္တရာယ်မှ ကင်းဝေးနိုင်ရေး၊ သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ခရိုင်ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက်(၈)နာရီက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၌ ပူးပေါင်းဆောင် ရွက်ခဲ့ကြသည်။

အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အောင်လံမြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်  

မကွေးတိုင်းဒေသကြီး သရက်ခရိုင်  အောင်လံမြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများ သို့ကွင်းဆင်းကာ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းနှင့် ပတ်၀န်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇) နာရီခွဲက အမှတ်(၁)အခြေခံပညာ အထက်တန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀)မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀) မြို့နယ် အသက်(၂၁)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ Southern Myanmar ဘောလုံးကွင်း၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းဥပဓိရုပ် ကောင်းမွန်းရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် ပြင်ဆင်ခြင်းများကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်း (၃) ကျောင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင်း အခြေခံပညာကျောင်းများအား မေလ (၂၄) ရက်နေ့တွင် စတင်ကျောင်းအပ် လက်ခံပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ယူခွင့် ရရှိရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ကာကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးတွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက အောင်ဆန်းခန်းမတွင် ပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ ဆရာမများ တက်ရောက်ကြသည်။

ပုလောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကုသရေး အဆောင်များပြင်ဆင်

ကမ္ဘာ့နိုင်ငံတစ်ချို့နှင့် အိမ်နီးချင်းနိုင်ငံ တစ်ချို့တွင် ကိုဗစ်-၁၉ရောဂ ဖြစ်ပွားမှုနှုန်းများ ပြန်လည် မြှင့်တင့်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပုလောမြို့ မကျည်းကုန်းခန်းမ၌ ကိုဗစ်-၁၉ရောဂါကုသရေး အဆောင်များကို ပြန်လည် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
Subscribe to