ထန်းတပင်မြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
၂၀၂၁-၂၀၂၂ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကို မေလ(၂၃) ရက် နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အ.ထ.က -ထန်းတပင် အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။