စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး Mobile စာငှားစနစ်ဖြင့် ဝန်ဆောင်မှုပေး
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များသည် စာဖတ်ဝါသနာ ပါသူများအား စာပေနှင့် စဉ်ဆက်မပြတ် ထိတွေ့စေရေး အတွက် မိုဘိုင်းစာငှားစနစ်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က သမဝါ ယမအသင်းစုရုံးသို့ Mobile library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။