မိုင်းဆတ်မြို့၌ ဘောလုံးအောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ အောင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို မေလ ၁၂ ရက် မွန်းလွှဲ (၁)နာရီက မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။