တာလေမြို့၌ အသက်(၂)လမှ (၁) နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်

တာလေမြို့၌ အသက် နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ နားအွန်ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့လှူဒါန်း

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ကျောက်တော်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းငန်းမွမ်းမံသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွ၍့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဂစ္ဆပနဒီခန်းမအတွင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်ဖြူမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ရုံးသစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျောက်ဖြူ မြို့နယ်ရုံးသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက အစိုးရ ရပ်ကွက်ရှိ အဆိုပါဌာနရုံးခြံဝင်းအတွင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန် ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ငဖဲမြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ အားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ပထမအကြိမ်ကာကွယ် ဆေးထိုး နှံပြီးသည့် အသက် (၆၅) နှစ်အထက်သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက ငဖဲမြို့အခြေခံပညာ အထက်တန်း ကျောင်း၌ စုရပ်ပြုလုပ်၍ထိုးနှံပေးလျက်ရှိသည်။

မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအား (ပထမ) အကြိမ် လေလံတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်း ရှိ ဂရန်အင်းများအား ၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း ယင်းမာပင် ခရိုင်အတွင်း ဒေသဖွံ့ဖြိုးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း သည် တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် မေလ(၅) ရက်၊ နံနက်ပိုင်းတွင် ကျေးလက်လမ်းဦးစီးဌာနမှ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သီးကုန်း -သစ်ရာပင် လမ်း (၆/၀)မိုင် ဂျင်းလမ်း ခင်းခြင်း (၉၀)% ပြီးစီးနေမှုအား ကြည့်ရှု့စစ်ဆေးပြီး သီးကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဆရာ တော်ကြီးအား ဖူးမျှော်ကြည်ညိုပြီး လှူဘွယ် ပစ္စည်းများ ဆပ်ကပ် လှူဒါန်း ခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မေလ ၆ ရက်နေ့ညနေ ၆ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။

ကသာမြို့၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ်ကာ လူငယ်များအား ဘတ်စကက်ဘော ကစားနည်း လေ့ကျင့်သင်ကြားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မျိုးဆက်သစ်လူငယ်များအား နွေရာသီအားကစားသင်တန်းဖွင့်လှစ်ကာ ဘတ်စကက်ဘော ကစားနည်းများကို မတ်လ(၁၅)ရက်နေ့မှစ၍ ကသာမြို့ရှိ ဧရာရွှေလီခန်းမ၌ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to