လွိုင်ကော်မြို့၌ ဖွင့်လှစ်လျက်ရှိသည့် နွေရာသီ အခြေခံအားကစားသင်တန်းများသို့ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီက ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) တို့၌ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၁ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။