ချင်းပြည်နယ် ရိဒ်ရေကန်အတွင်း ငါးသားပေါက် တစ်သိန်း စိုက်ထည့်

ချင်းပြည်နယ်၏ အမှတ်သင်္ကေတနှင့် အထင်ကရနေရာဒေသတစ်ခုဖြစ်သည့် ရိခေါ်ဒါရ်မြို့အနီးရှိ အသည်းနှလုံးပုံသဏ္ဍာန် ရိဒ်ရေကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရိဒ်ရေကန် ရေချိုးဆိပ်၌ ပြုလုပ်သည်။

ဖြူးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ညနေ ၄:၀၀ နာရီက မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ မြန်မာနိုင်ငံ၏ အကြီးဆုံးရေကူးကန်တည်ဆောက်ရေး ပန္နက်ရိုက်တင်ပေး

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့်အတူ မြစ်ကြီးနားမြို့၌ ဆောက်လုပ်သွားမည့် နိုင်ငံအတွင်း အကြီးဆုံးရေကူးကန် တစ်ခုဖြစ်ပြီး ရေကူးပြေးလမ်း (၁၀)လမ်းပါသည့် ရေကူးကန်ဆောက်လုပ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီ တွင် ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။

ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ဝေါမြို့ ပြည်သူ့ဆေးရုံတွင် ပြည်သူများကို နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှု လက်ခံကုသပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ခုတင်(၂၅)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ် ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မိုးနိုင်၏ ကြီးကြပ်မှုဖြင့် လက်ထောက် ဆရာဝန်(၁)ဦး၊ သူနာပြု(၈)ဦး တို့ဖြင့် နေ့ညမပြက် လူနာများအား လက်ခံကုသပေးလျက် ရှိကြောင်း သိရ သည်။

လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ  ဧက ၃၀၀ ကျော်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း ဆွတ်ခူးရောင်းချိန် တစ်တင်းလျှင် ပျှမ်းမျှလေးသောင်းကျပ် ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ စတင်ဆွတ်ခူးရောင်းချချိန် နွေပဲတီစိမ်း တစ်တင်းလျှင် ၄၂,၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့်နွေပဲတီစိမ်း စိုက်တောင်သူများ မနှစ်ကထက် ဈေးနှုန်းပိုရနေကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် လေးရွာဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စိန်ရတုအထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီက သာယာအေးရပ်ကွက်ရှိ လေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ခရိုင်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ( ၇၅ ) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကျင်းပ 

၂၀၂၁ ခုနှစ်၊ မေလ  (၅ ) ရက်နေ့တွင် ကျရောက်သည့်  ( ၇၅ )  နှစ်မြောက် စိန်ရတု အထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို  ယနေ့နံနက် ၈ နာရီခွဲက ပြင်ဦးလွင်ခရိုင် မီးသတ်စခန်း၌ ကျင်းပပြုလုပ်ရာ  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစား တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။ 

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ထားဝယ်တက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ထားဝယ်တက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်း များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။

Subscribe to