တွံတေးမြို့နယ်ရှိ ကာယသုခ မသန်စွမ်းသူများအသင်းသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ မသန်စွမ်း လူငယ်မောင်မယ်များ အတွက် ရွှေမင်းသားဖောင်ဒေးရှင်းမှ ဦးဆောင်ကာ တွံတေးမြို့နယ် ကာယသုခမသန်စွမ်းအသင်းသို့ အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်များကို ယနေ့ နေ့လယ် ၁ နာရီက ကာယသုခ မသန်စွမ်းသူများအသင်းရုံး ယာယီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။