ဘားအံမြို့တွင် (ပန်းခင်းစီမံချက်)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်နိုင်ရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးနိုင်ရေး ရှင်းလင်း

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်နိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေးနိုင်ရေး(ပန်းခင်းစီမံချက်)ဖြင့် ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရှင်းလင်းပြောကြားပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက ဘားအံစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုး၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်း (၁/၂၀၂၁)ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း(၁/၂၀၂၁)ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လောက်ကိုင်၌ ထိန်းချုပ်ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ ထင်ပါကျိုင်း ကျေးရွာအုပ်စု အမှိုက်ကန်နေရာတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ထိန်းချုပ်ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဖြူခရိုင်ရုံး ပြန်/ဆက်ဝန်ထမ်းများက Mobile Library ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ဌာနဆိုင်ရာအသီးသီးရှိဝန်ထမ်းများအား စာအုပ် စာစောင်များအလွယ်တကူ ငှားရမ်းဖတ်ရှုနိုင် စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၆၆)ဉီးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၆၆)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့နံနက်(၁၁)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

မြောက်ဦးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြို့မဘောလုံး အားကစားကွင်းအတွင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကံမမြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကံမမြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ခန်းမတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မူဝါဒများချမှတ်၍ ဆောင်ရွက်နေမှုများကို အသေး စိတ် ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် တာဝန်ကျရာအခန်းကဏ္ဍများအလိုက် နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာဖြင့် လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် နေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် တောင်သူများ ဝင်ငွေတိုးပွားစေရေး သီးနှံများစိုက်ပျိုးရာတွင် ခေတ်မီစက်မှုလယ်ယာ စနစ်သုံး အကွက်ကျယ်များ ပြောင်းလဲစိုက်ပျိုးရေး စိုက်ပျိုးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ဝင်ငွေတိုးတက်စေရေးနှင့် တောင်သူများ သီးနှံ စိုက်ပျိုးရာတွင် အထောက်အကူပြုစေရေးအတွက် သီးနှံစိုက်ပျိုးမှုပုံစံများ ပြောင်းလဲစိုက်ပျိုးရေး နည်းလမ်းဖြစ်သည့် ခေတ်မီစက်မှုလယ်ယာစနစ် အသုံးပြုပြီး အကွက်ကျယ် ပြောင်းလဲ စိုက်ပျိုးရေးအဖြစ် ပြောင်းလဲကာ စံပြကွက်များနှင့် စမ်းသပ်ကွက်များ၊ ရေချွေတာသုံး စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နေပြည်တော်အတွင်းရှိ တက္ကသိုလ်များနှင့် အသက်မွေးသိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ် ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း နှင့် ဦးမြင့်စိုး တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (နေပြည်တော်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၂/၂၀၂၁)ကြိမ်မြောက်အစည်းအဝေးနှင့် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ကုန်နှင့်ထောက်ပံ့စရိတ်များပေးအပ်သည့်အခမ်းအနားကျင်းပ

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Subscribe to