သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ(၉)ဦးတွင် (၄)ဦးဆေးရုံ ဆင်း ခွင့်ရရှိ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် သပိတ်ကျင်းမြို့နယ်အတွင်းမှ ကိုဗစ်-၁၉ အတည်ပြုလူနာ(၉)ဦး တက်ရောက်ကုသလျက်ရှိနေပြီး ယနေ့တွင် အတည်ပြုလူနာ(၄)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။