ကျိုင်းတုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လှုမှုရေးပင်စင် ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ကျိုင်းတုံမြို့နယ်အတွင်း၊ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများထံ အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကွီးလေးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင ်ထောက်ပံ့ငွေ ကျပ် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် (အောက်တို ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်အတွက် ငွေကျပ် (၃၀၀၀၀)ကျပ်စီကို ယမန်နေ့က ကွီးလေးကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွား များထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာ နှင့်ရွာကိုင်းကောင်းကျေးရွာတွင် လူမှုဝန်ထမ်းဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား (အောက်တိုဘာ၊ နို၀င်ဘာ၊ ဒီဇင်ဘာ) ပထမ(၃)လပတ်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့က နံနက်ပိုင်းတွင် တာ၀န်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉အတည်ပြုလူနာ (၂) ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယမန်နေ့ ကလေးမြို့မှထွက်ခွာမည့် အရေးကြီး ကုန်တင်ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာ (၁)ဦးတွင်လည်းကောင်း၊ အသွားအလာ ကန့်သတ်ထားသည့် ပြည်တွင်း/ပြည်ပပြန်များအား Test Kit ဖြင့် စစ်ဆေးရာ (၁) ဦးတွင် လည်းကောင်း စုစုပေါင်း (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါ Positive အဖြေထွက်ရှိလျက်ရှိကြောင်း သိရသည်။

ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာအနီးရှိ နတ်တောင်ပေါ်သို့ လာရောက်သူများပြား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာအနီးရှိ နတ်တောင်ထိပ်သို့ လာရောက် အပန်းဖြေ လည်ပတ်သူများ များပြားလာကြောင်းသိရသည်။

မက်မန်းမြို့၌ မြေထိန်းနံရံ ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင်မြေသန့်မင်္ဂလာ အခမ်းအနားဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ပြန်ဆက်ရုံး မြေထိန်းနံရံ ဆောက်လုပ်မည့် မြေနေရာ ပန္နက်တင်မြေသန့်မင်္ဂလာ အခမ်းအနားကို ပြန်/ဆက်ရုံး မြေထိန်းနံရံ ဆောက်လုပ်မည့် မြေနေရာတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုး အိမ်ထောင်စုများ နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ကို ယမန်နေ့က မယ်စဲ့မြို့ပေါ် ရပ်ကွက်(၂) ရပ်ကွက်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာများသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခဲ့ ကြောင်း သိရသည်။
Subscribe to