မိုးညိုမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမအကြိမ်)စတင်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာန လက်အောက်ရှိ ၀န်ထမ်းများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀:၄၅ နာရီက  မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင် ထိုးနှံပေးလျက်ရှိသည်။

တနိုင်းမြို့နယ်၌ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့ စတင်ရွေးချယ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် ရပ်ကွက် (သို့)အုပ်ချုပ်ရေး မှူးများ ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ခြင်း ဆောင်ရွက်သည်။

တပ်ကုန်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီက တပ်ကုန်း ကုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ကြောင်း သိရသည်။

နမ့်ဟူးလိန်ကျေးရွာတွင် တိရစ္ဆာန်လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ နမ့်ဟူးလိန်ကျေးရွာ၌ တိရစ္ဆာန်လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာလိမြို့ အမှတ်(၁)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအခြေခံလူတန်းစား အိမ်ထောင်စု(၉၆) စုတို့အား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ အမှတ်(၁) ရပ်ကွက်တွင် ထပ်မံတိုးလာသော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ ငွေသားဖြင့်ထောက်ပံ့ပေးခြင်းကို ကာလိမြို့တွင် တာဝန်ရှိသူများတို့က ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်တွင် ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံး၌ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ အန္တရာယ်လျှော့ချရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အန္တရာယ်လျှော့ချရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကို Medical Action Myanmar (MAM) အဖွဲ့အစည်းမှ ယမန်နေ့နံနက် ၁၀ နာရီခန့်က မြို့နယ်ဘန်ရူးခန်မ၌ ကျင်းပခဲ့သည်။
Subscribe to