ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့ သရုပ်ပြဆောင်ရွက်
ပြည်သူများ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီခန့် ကနောင်ခဲကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။