ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ

ပုလောမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်း များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈)နာရီက ပုလောမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ထမ်းဖုရားကျေးရွာသို့ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အဝတ်အထည်များ လှူဒါန်း

ကျေးလက်နေပြည်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု အတွင်းရှိ ထမ်းဖုရားကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း ကွင်းပြင်တွင် ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အဝတ်အထည်များ လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ် နားခိုကျေးရွာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက နားခိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်သည်။

မူဆယ်နယ်စပ် (မန့်ဝိန်း ဝင်/ထွက်) ဂိတ် တစ်နာရီခန့် ယာယီပိတ်ဆို့မှုဖြစ်ပွား

မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ(ဂျယ်ဂေါင်)သို့ ဝင်ပေါက်ဖြစ်သည့် မန့်ဝိန်းဂိတ်အား ယနေ့ နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ ယာယီပိတ်ဆို့မှု ဖြစ်ပွားခဲ့‌‌ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေလာရောက်လှူဒါန်း

ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်း များအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ လှူဒါန်း သည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း ပြည်နယ်အတွင်း လိုအပ်သည့် နေရာများသို့

ကျော့ကွင်းမိဒဏ်ရာရ တောရိုင်းဆင်တစ်ကောင် သေဆုံးမှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာအုပ်စု ရေငံကြီး ကျေးရွာနှင့်တောင်ပေါ်ကျဆိပ် ကမ်းအကြားရှိ ဆင်ခေါ်ချောင်းအနီး UTM 11998/15, MN-794623 နေရာ တွင် ရေဒီယိုကော်လံတပ်ဆင်ထားသည့် အသက်(၂၀)နှစ်ခန့်ရှိ တောဆင်ရိုင်း ဟိုင်း(ထီး) ဆင်တစ်ကောင်၏ ရှေ့ဘယ်ဘက်လက်တွင် ကျော့ကွင်းမိ၍ အသားအတွင်း ကြိုးနှစ်ဝင်လျက် ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့်

ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒေါက်တာဇော်မြင့်မောင်ရေးသားသည့် ဆရာဝန်နိုင်ငံရေးသမားစာအုပ်များကို ကျောင်းစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ရေးသားသည့် ဆရာဝန်နိုင်ငံရေးသမားစာအုပ်အား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစာကြည့်တိုက် များနှင့်မြို့နယ်ပညာရေးမှူးရုံ စာကြည့်တိုက်များသို့၊ ယနေ့ နံနက်(၁၀)နာရီက ထပ်ဆင့်လှူဒါန်းခဲ့ကြောင်းသိရသည်။

လောင်းလုံးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့်သရုပ်ပြ ဇာတ်တိုက်ပြုလုပ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်လျော့နည်း စေရန် ရည်ရွယ်ပြီးမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာစစ်ဆေးခြင်းနှင့်သရုပ်​ ပြဇာတ်တိုက်ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ရပ်ကွက်/ ကျေးရွာများ အုပ်စုအုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်နိုင်ရေး ထပ်ဆင့်အသိပညာပေး လုပ်ငန်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က အော်ယောရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးဖွဲ့စည်း တာဝန်ပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to