ပလောက်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ် ဖွဲ့စည်း
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင် ၊ပလောက်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းကို ယနေ့ နံနက်၁၀နာရီက စတင်၍ အမှတ်(၃)ရပ်ကွက် အမက(ခွဲ)ကျောင်းတွင် ဖွဲစည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။