ဟိုမိန်းမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေး အခက်အခဲမဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့ပေါ်သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများထံသို့ တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။