ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသက်၈၅နှစ်အထက် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေများပေးအပ်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ပထမ၃လပတ် အတွက် အသက်၈၅နှစ်နှင့်အထက်ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှ မွေးဖွားလာသော၂နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ယမန်နေ့ နံနက်၁၀နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။